At a Glance : Getting Electricity
2020 Ranking: 148
2020 Distance to Frontier Score*: 56.7 (up from 55.67 in DB2019)
Regional Average (East Asia Pacific): 75.1
More information on Myanmar’s performance in Getting Electricity - Click Here!
* The distance to frontier (DTF) measure shows the distance of each economy to the “frontier,” which represents the best performance observed on each of the indicators across all economies in the Doing Business sample since 2005. An economy’s distance to frontier is reflected on a scale from 0 to 100, where 0 represents the lowest per-formance and 100 represents the frontier. The ease of doing business ranking ranges from 1 to 190. (Source; World Bank)
ဘာကြောင့်အရေးပါပါသနည်း
- ကမ္ဘာ့ဘဏ်အင်တာပရိုက်၏ (၂၀၁၆) ခုနှစ်စစ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စီးပွားရေး လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်ရာတွင် တတိယအကြီးဆုံးအဟန့်အတားတစ်ခုမှာ လျှပ်စစ်ဓာတ်အား ချိတ်ဆက်သွယ်တန်းရယူခြင်းနှင့် အရည်အသွေးပြည့်မှီသော လျှပ်စစ် မီးရယူသုံးစွဲနိုင်ခြင်း ဖြစ်ပါ သည်။ ယုံကြည်စိတ်ချရပြီး အကျိုးရှိသည့်လျှပ်စစ်ဓာတ်အား ဆက်သွယ်ရယူနိုင်ခြင်းသည် ဝင်ငွေမြင့်မားမှုနှင့်အပြန်အလှန်ဆက်နွယ်လျက်ရှိပါသည်။
- ဝင်ငွေမြင့်မားမှုနှင့် အပြန်အလှန်ဆက်နွယ်လျက်ရှိသော ယုံကြည်စိတ်ချရပြီးအကျိုးရှိသည့် လျှပ်စစ် ဓာတ်အား ဆက်သွယ်ရယူခြင်း: ယုံကြည်စိတ်ချရသောလျှပ်စစ်ဓာတ်အားပေးပို့မှုသည် ထုတ်လုပ်မှုစွမ်းအားကိုမြှင့်တင် ပေးပါသည်။ ကန့်သတ်မှုရှိသော/ယုံကြည်စိတ်ချရမှု အားနည်းသော လျှပ်စစ်ဓာတ်အား ဆက်သွယ်မှုသည် ပုဂ္ဂလိကကဏ္ဍများ ဖွံဖြိုးတိုးတက်မှုနှင့် ပိုမိုမြင့်မားသောထုတ်လုပ်မှု စွမ်းအားအပေါ် ကန့်သတ်မှုများ ရှိနေစေပါသည်။
- လျှပ်စစ်ဓာတ်အားရရှိမှုနှုန်း- လျှပ်စစ်ဓာတ်အားချိတ်ဆက်သွယ်တန်းမှုအတွက်အချိန်နှင့်ငွေကြေး ကုန်ကျမှုမြင့်မား ခြင်းသည် လျှပ်စစ်ဓာတ်အားရရှိမှုနှုန်းကိုနိမ့်ကျစေပါသည်။
- စောင့်ကြည့်မူဘောင်အချက်အလက်- လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုလုပ်ငန်းသည် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ၏ အရေးပါဆုံးသောပုံမှန်လုပ်ငန်းနယ်နိမိတ်များ ဖြစ်ပါသည်။ ဖွံဖြိုးတိုးတက်ပြီးသော လုပ်ငန်းနယ်နိမိတ်(၂၈)ခု ပါဝင်သောလေ့လာမှု တစ်ရပ်အရ စောင့်ကြည့်ထိန်းချုပ် ရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပမာဏ မြင့်မားမှုနှင့် ဆက်နွယ်နေပါသည်။